Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွ ဩဘာညွန့်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်း

03 July 23

                 ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအား အတိုးနှုန်းသက်သာစွာဖြင့် တစ်ပိုင်တစ်နိုင်ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  ကျေးရွာတစ်ရွာတစ်ယူနစ်ဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဩဘာညွန့်ကျေးရွာအုပ်စု ဩဘာညွန့်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ဇွန် ၂၈ ရက် မွန်းတည့် ၁၂ နာရီက မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ဉက္ကဌ ဦးမောင်မြင့်ပါ ခုနစ်ဦးဖြင့် ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ မြစိမ်းရောင်လုပ်ငန်းအဖွဲ့အား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်စေရန် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငေွစာရင်းထိန်းသိမ်းနည်းသင်တန်းကို ဇွန် ၃၀ ရက်တွင် စီမံကိန်း တာဝန်ခံဝန်ထမ်းများက ပို့ချပေးခဲ့ကြောင်းသိရသည်။