Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တနင်္သာရီမြို့နယ်အရှေ့မော်တုန်းကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး

30 June 23

       

          တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  အရှေ့မော်တုန်းကျေးရွာအုပ်စု၊အရှေ့မော်တုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိ‌မ် ထုတ်ချေးခြင်းကို ဇွန် ၂၉ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။

          ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တဦးစီးမှူး ဒေါ်သူဇာမိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့်တစ်နိုင်တစ် ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ ရန်ပုံငွေထုတ်ချေးပေးခြင်းဖြစ်ပြီး အတိုးကောက်ခံဆောင်ရွက်မှုအခြေအနေနှင့် အရင်းအတိုးပေးဆပ် ဆောင်ရွက်ရမည့် ကာလသတ်မှတ်ချက်များ၊ဖြည့်သွင်းရမည့်ဇယားပုံစံများကို မှန်ကန်စွာဖြည့်သွင်း နိုင်ရေး ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ တာဝန်ရှိသူများက အရှေ့မော်တုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေကြီးကြပ်မှုလုပ်ငန်းအဖွဲ့ဝင်များက အရှေ့မော်တုန်းကျေးရွာရှိ စိုက်ပျိုးရေး လုပ်ကိုင်သူ၁၁၄ဦး အား ငွေကျပ်၃၀၆၅၀၀၀၀၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၄ ဦးအား ငွေကျပ် ၈၀၅၀၀၀၀၊ အရောင်းအဝယ်လုပ်ကိုင်သူ ၃၅ ဦးအားငွေကျပ်၁၂၁၀၀၀၀၀၊ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူ ၅ ဦး အားငွေကျပ် ၁၅၀၀၀၀၀၊ အသေးစားစက်မှုလုပ်ငန်းလုပ်ကိုင်သူ ၃ဦး အား ငွေကျပ် ၁၇၅၀၀၀၀ နှင့် ရေလုပ်ငန်းလုပ်ကိုင်သူ ၁ ဦးအား ငွေကျပ် ၂၅၀၀၀၀ စုစုပေါင်း ငွေကျပ် ၅၄၃၀၀၀၀၀ ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။