Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Computer Maintenance and Troubleshooting သင်တန်းဖွင့်လှစ်ဆောင်ရွက်

23 June 23

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ Computer Maintenance and Troubleshooting သင်တန်းအား (၁၉-၆-၂၀၂၃)ရက်နေ့မှ (၂၃-၆-၂၀၂၃)ရက်နေ့အထိ (၅)ရက်ကြာဖွင့်လှစ်ခဲ့ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်မှ သင်တန်းသား (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါသင်တန်းတွင် ကွန်ပျူတာအသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် အသုံးပြုလျှက်ရှိသော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား စနစ်တကျကိုင်တွယ်ထိန်းသိမ်းသုံးစွဲနိုင်စေရန်နှင့် မိမိတို့ရုံးအတွင်း Local Area Network ဖြင့် File & Printer Sharingများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာအတွင်းရှိ အစိတ်အပိုင်းများနှင့် ၎င်းတို့၏ အလုပ်လုပ်ပုံ၊ Network Type အမျိုးအစားများနှင့် Network ကြိုးပြုလုပ်ပုံ၊ File, Printer Sharing ပြုလုပ်ပုံ၊ Window Installation ပြုလုပ်ပုံ၊ ကွန်ပျူတာတစ်လုံးအလုပ်မလုပ်ပါက စစ်ဆေးရမည့်အချက်များနှင့် ပြင်ဆင်ထိန်းသိမ်းနည်းများ၊ Video Conferencing ပြုလုပ်ရာတွင် အသုံးပြုသည့် Software များနှင့် အသုံးပြုပုံများအား သင်တန်းနည်းပြမှ ရှင်းလင်ဆွေးနွေးခဲ့ပြီး သင်တန်းသားများမှ လက်တွေ့ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။