Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

(Human Resource Management)လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်

30 June 23

         ဇွန်လ   ၂၈

        တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (Human   Resource  Management) လူ့စွမ်းအား အရင်း အမြစ်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်၌ တိုင်းဒေသကြီး ကျေးလက်ဦးစီးဌာနရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးရဲခေါင်က အမှာစကားပြောကြားရာတွင် ဌာနတစ်ခု၊အဖွဲ့အစည်းတစ်ခု၊ကုမ္ပဏီတစ်ခု စသည်တို့၏ ချမှတ်ထားတဲ့ မျှော်မှန်းချက်၊ရည်မှန်းချက် မူဝါဒများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်၊ အကောင်အထည်ဖော်ရသည့် အဆင့်အသီးသီးရှိ အစိုးရဝန်ထမ်းများမှာ  Human Resource ဖြစ်ပါကြောင်း၊ ယင်းHuman Resource များ၏ လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်ရည်တိုးတက်လာစေရန် စီမံခန့်ခွဲခြင်းကို လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု (HRM)ဟုခေါ်ဆိုပါကြောင်း၊ ယင်းသို့ စီမံခန့်ခွဲရာတွင် ဝန်ထမ်းများ အားလုံးမှ HRM သင်တန်းခေါင်းစဉ်များဖြစ်သည့် Critical Thinking, Workplace Conduct,Organization Culter,Workplace Communication,Customer Service,Change Management အစရှိသည်တို့ကို သိရှိနားလည်လိုက်နာကျင့်ကြံ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ လိုက်နာဆောင်ရွက်ရင်းဖြင့် Productive Workplace ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊သို့ပါ၍ ဝန်ထမ်းများအနေဖြင့် သင်ကြားပို့ချသည့် သင်ခန်းစာများပေါ် သိရှိယုံမဟုတ်ဘဲ၊ လိုက်နာကျင့်ကြံ ဆောင်ရွက်ရမည့် အပိုင်းများ ပါဝင်ပါကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းအား သင်တန်းနည်းပြဆရာမ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဒုတိညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယု မှ သင်ကြားပေးပို့ချပြီး ထိုသင်တန်းအား တိုင်းဒေသကြီး၊ခရိုင်(၄)ခရိုင်နှင့်မြို့နယ် (၁၀) မြို့နယ် ရှိ သင်တန်းသား/သင်တန်းသူ(၆၃)ဦးရှိသည့်အနက်မှ တိုင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် (၃၂) ဦး၊ Video Conferencing စနစ်ဖြင့် တက်ရောက်သူ (၃၁)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းအား (၂၈.၆.၂၀၂၃)ရက်နေ့မှ(၃၀.၆.၂၀၂၃)ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။