Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း

30 June 23

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် အတွင်းရှိ ကျေးရွာများတွင်မြစိမ်းရောင်ကျေးရွာစီမံကိန်း ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဇွန်လ(၂၈)ရက် နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေး နှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိခဲ့သည့် မြောက်ချောကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း ပြုလုပ်ခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြောက်ချောကုန်းကျေးရွာနေပြည်သူများအား စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကြီးကြပ်မှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ပြီး၊ ကျေးရွာတွင် အိမ်ခြေ (၂၅၀)၊ အိမ်ထောင်စု (၂၅၅)ခုရှိပြီး မြစိမ်းရောင် အရင်းမပေျာက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀) ထုတ်ချေးပေးသွားမည်ဖြစ်သည်။