Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွမြို့နယ် စပါယ်ချောင်ကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေထုတ်ချေး

28 June 23

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စပါယ်ချောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာနေပြည်သူများလိုအပ်သော အရင်းအနှီး ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဒုတိယနှစ်)စက်ဝန်းလည်ပတ်နိုင်ရေးအတွက် ဇွန် ၂၆ ရက် မွန်းလွဲ ၂ နာရီက  ချေးငွငွေတ်ချေးပေးခဲ့ကြောင်းသိရသည်။

          အခမ်းအနားတွင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက စီမံကိန်းရည်ရွယ်ချက်၊ အတိုးနှုန်း၊ ကာလသတ်မှတ်ချက်နှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

          ထို့နောက်လုပ်ငန်းအမျိုးအစား ငါးမျိုးခွဲခြား၍ ချေးငေွအောင်သူအသင်းသား ၁၀၃ ဦးသို့ စုစုပေါင်းငွေကျပ်သိန်း ၃၄၀ အား မြို့နယ်ကျေးလက်ဝန်ထမ်းများ ကြီးကြပ်၍ စပါယ်ချောင်ကျေးရွာ မြစိမ်းရောင်လုပ်ငန်းအဖွဲ့ဥက္ကဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များက စနစ်တကျ နေ့ချင်းပြီးထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။အတိုးနှုန်းမှာ ကျပ် ၁၀၀ လျှင် တစ်လတစ်ကျပ် ပြားငါးဆယ်နှုန်းဖြစ်ပြီး ခြောက်လတစ်ကြိမ် အတိုးဆပ်၊ တစ်နှစ်ပြည့်အတိုးအရင်းဆပ်စနစ်ဖြစ်ကြောင်းသိရသည်။