ရေဖြူ ဇွန် လ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ညင်းထွေးကျေးရွာ၌ သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်၊တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးလှိုင်အေး၊ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လင်းနှင့်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ညင်းထွေးကျေးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး တိုင်းဒေသကြီး ဦးစီးမှူးက လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ရေဖြူမြို့နယ် ညင်းထွေးကျေးရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းဖြစ်သည့် အကျယ် ၄ းလက်မ၊အနက်ပေ ၂၀၀ ခန့် ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့စင်မြင့်ရေစင် တည်ဆောက်ခြင်း၊ အလျား ၅ပေ၊အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၇ ဒဿမ ၀၄၁ သန်းဖြင့် ယခုနှစ်ဇွန်လ ပထမအပတ် စတင်ဆောင်ရွက်ခဲရာ ယခုအခါ လုပ်ငန်းများ ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ညင်းထွေးကျေးရွာရှိ အိမ်ခြေ ၄၀၃ အိမ်မှ လူ ၁၆၀၈ ဦးနှင့် ကျွဲ၊နွား တိရစ္ဆာန်များအတွက် သောက်သုံးရေအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။