Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေဖြူမြို့နယ် မင်းဒပ်ကျေးရွာ ခေတ်မီစံပြကျေးရွာ၌ RBF စီမံကိန်းလုပ်ငန်းများစစ်ဆေး

27 June 23

         ဇွန်လ 

         တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းဒပ်ခေတ်မီစံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)အကောင် အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဲဒုတိယဦးစီးမှူး ဦးမြင့်ဦးအောင်နှင့်ဝန်ထမ်းများက မင်းဒပ်ခေတ်မီစံပြကျေးရွာ၌ အစုအဖွဲ့စနစ်ဖြင့် ဝက်မွေးမြူခြင်း အခြေအနေများကို လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေမူ အခြေအနေများကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး ဒုတိယဦးစီးမှူးက RBF အသင်းသား/သူများနှင့်တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့သည်။

       မင်းဒပ်ခေတ်မီစံပြကျေးရွာ၌  အဆိုပါအစုအဖွဲ့စနစ်ဖြင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းကို RBF စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀၀နှင့် အသက်မွေးဝမ်းကျောင်း အဖွဲ့ငါး ဖွဲ့မှ ထည့်ဝင်ငွေကျပ် ၇၂၅ သိန်းစုစုပေါင်း  ငွေကျပ် ၁၀၂၅ သိန်းဖြင့် အဆိုပါကျေးရွာရှိ စိုက်ပျိုးရေး၊မွေးမြူရေး ထုတ်လုပ်သူများ၊တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော အရင်းအနှီးရရှိစေရန်၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဦးအောင်ထံမှသိရသည်။