Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန "ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း" ဆင်းပွဲအခမ်းအနားကျင်းပခြင်း

27 June 23

စစ်ကိုင်း ဇွန် ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးပြီး စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ "ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း"ဆင်းပွဲကို ဇွန် လ(၂၁)ရက်နေ့ ညနေ(၃း၀၀)နာရီအချိန်တွင် မော်လိုက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (ကိုဗစ်-၁၉)စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို မော်လိုက်ခရိုင်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး၊ဒေါ်သန်းသန်းမြင့်(ဒုတိယညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းတွင် ဌာနဆိုင်ရာစာရင်းများရေးသွင်းခြင်း၊ပြုစုထိန်းသိမ်းခြင်းများအပြင် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း ၊ 'ဌစ' စာရင်းများအား Computerized System ဖြင့် ကိုယ်တိုင်ရေးသွင်းတတ်စေခြင်းများကို  သင်ကြားပေးခြင်းအားဖြင့် ဝန်ထမ်းများနားလည်သဘောပေါက်တတ်ကျွမ်းလာနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာမိမိတို့၏လုပ်ငန်းခွင်တွင် များစွာ အထာက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းသို့ မော်လိုက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်း ဆရာ/ဆရာမ(၃)ဦးတိုမှ မော်လိုက်ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်း(၁၀)တို့အား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းသူ/သားများအစား သင်တန်းသူတစ်ဦးမှ သင်တန်းတက်ရောက်ရခြင်း၏ အကျိုးကျေးဇူးများကို ပြောကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား  (၁၅.၆.၂၀၂၃)ရက်နေ့မှ (၂၁.၆.၂၀၂၃)ရက်နေ့အထိ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်းသင်တန်းတာဝန်ခံ ဒေါ်နှင်းနှင်းရီ (ဦးစီးအရာရှိ)ထံမှ သိရှိရပါသည်။

ကိုမြတ်