Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စီမံကိန်းရန်ပုံငွေများလွှဲပြောင်းပေးအပ်

20 June 23

ပြည်ထောင်စုနယ်မြေ၊ နေ ပြည်တော် ကေ ျး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကေ ျး ရွာဖွံ့ဖြိုးတိုးတက်ရေလုပ်ငန်းးစီမံကိန်းနှင့် ကေ ျး လက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအား ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေ ပြည်တော်ကောင်စီ၀န်း၊ ဇမ္ဗူသီရိခန်းမတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နေ ပြည်တော်ကောင်စီ ဥက္ကဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေ၊ နေ ပြည်တော် ကေ ျး လက်ဒေသဖသေဖွံ့ဖြိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး၊ ဦးမျိုးမျိုးမှ စီမံကိန်းများ ရန်ပုံငွေလွှဲပြောင်းရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌ၊ ဦးတင်ဦးလွင်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၅)ရွာအတွက် ရန်ပုံငွေကျပ်(၄၁၀)သန်းအား ကျေးရွာကိုယ်စားလှယ်(၂)ဦးထံသို့ လည်းကောင်း၊ နေပြည်တော်ကောင်စီ၀င်များမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၄၆)ရွာအတွက် ငွေကျပ်(၆၉၀)သန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ(၄)ရွာအတွက် ရန်ပုံငွေကျပ်(၁၅၀)သန်းတို့အား လွှဲပြောင်းပေးအပ်ခဲ့ပာသည်။