ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃၊၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကြို့ကုန်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းကို ဇွန်လ ၂၃ ရက် နံနက်ပိုင်းတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော် နှင့်ဝန်ထမ်းများမှ စီမံကိန်းမိတ်ဆက်ရှင်းလင်းခဲ့ပြီး ကျေးရွာကြီးကြပ်မှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။