စစ်ကိုင်း မတ် ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးပြီး စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ "ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း"ဖွင့်ပွဲကို ဇွန်လ(၁၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မော်လိုက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (ကိုဗစ်-၁၉)စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းကို မော်လိုက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး၊ဒေါ််သန်းသန်းမြင့်(ဒုတိယညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ဝန်ထမ်းများအား ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းတွင် ဌာနဆိုင်ရာစာရင်းများရေးသွင်းခြင်း၊ပြုစုထိန်းသိမ်းခြင်းများအပြင်၊ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း ၊ဌစ စာရင်းများအား Computerized Systemဖြင့် ကိုယ်တိုင်ရေးသွင်းတတ်စေခြင်းများကို သင်ကြားပေးခြင်းအားဖြင့် ဝန်ထမ်းများအား နားလည်သဘောပေါက်တတ်ကျွမ်းနိုင်မည်ဖြစ်၍ အလွန်အကျိုးရှိကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းသို့ မော်လိုက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာ/ဆရာမ(၃)ဦးတို့မှ သက်ဆိုင်ရာဘာသာရပ်များကို မော်လိုက်ခရိုင်/မြို့နယ်တို့မှ အမှုထမ်း(၁၀)တို့အား (၁၅.၆.၂၀၂၃)ရက်နေ့မှ (၂၁.၆.၂၀၂၃)ရက်နေ့အထိ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သင်တန်းတာဝန်ခံ၊ဒေါ််နှင်းနှင်းရီ(ဦးစီးအရာရှိ)ထံမှ သိရှိရပါသည်။
ကိုမြတ်