မန္တလေးမြို့၌ တိုင်းဒေသကြီးအဆင့် သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ
မန္တလေး မေလ ၂၅
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ ခေတ်မီစံပြကျေးရွာစီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင် စေရန်ရည်ရွယ်၍ တိုင်းဒေသကြီးအဆင့် သက်ဆိုင်သူ အားလုံး ပါဝင်သော စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့နံနက် ၉ နာရီ ၃၀ အချိန်က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စော က တိုင်းဒေသကြီးအဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မန္တလေးတိုင်းဒေကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့်စီမံကိန်း တာဝန်ခံဝန်ထမ်းများက အုပ်စုအလိုက်အဖွဲ့ခွဲ၍ စီမံကိန်းလက်စွဲများ တွင်ပြင်ဆင်ရန်လိုအပ်ချက်များ၊ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များ၊ စီမံကိန်းလုပ်ငန်းများယခုထက်ပိုမိုထိရောက် အောင်မြင်စေရေး အတွက် ပြင်ဆင်ရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြကြောင်းသိရသည်။
အဆိုပါ တိုင်းဒေသကြီးအဆင့်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ကွပ်ကဲမှု အောက်ရှိ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့်စီမံကိန်း တာဝန်ခံဝန်ထမ်းများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုးမိုးကျော်