Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကံမမြို့နယ်၌ လက်သမား/ပန်းရံသင်တန်းဆင်းပွဲကျင်းပ

24 May 23

ကံမမြို့နယ်၌ လက်သမား/ပန်းရံသင်တန်းဆင်းပွဲကျင်းပ
*******************************
ကံမ         မေ          ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်ရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား/ပန်းရံသင်တန်း ဆင်းပွဲကို မေ ၂၃ ရက်နေ့ နံနက် ၉ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက အလုပ်အကိုင်ရှားပါးသော ကာလတွင် လက်တွေ့အသုံးချနိုင်‌သည့် လက်သမား/ပန်းရံသင်တန်းကို ဖွင့်လှစ်ပေးသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် ကံမမြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးတို့က တက်ရောက်လာကြသော သင်တန်းသား ၃၀ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မေ ၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ ၁၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့ သင်ကြားပို့ချခဲဲ့ပြီး ကံမမြို့နယ်အတွင်းရှိကျေးရွာမျာ

းမှ သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။