Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ချောက်မြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

06 May 23

ချောက်မြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်
*********************************
ချောက်         မေ         ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း၊  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာထူးထောင်ရေးစီမံကိန်းများ နှင့်ပတ်သက်၍ သက်ဆိုင်သူအားလုံးပါဝင်သော မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့် က မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အ ထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များနှင့် အကြံပြုချက်များကို အုပ်စုတစ်စုချင်းအလိုက် အုပ်စုဖွဲ့၍ ဆွေးနွေးကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်မြစိမ်းရောင်စီမံကိန်း

လုပ်ငန်း အဖွဲ့ဝင် ၅ ဦး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်သော ကျေးရွာ ၄၄ ရွာ မှ ကော်မတီဝင် ၄၅ ဦး၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်သော ကျေးရွာ ၁၆ ရွာမှ ကော်မတီဝင် ၁၉ ဦးနှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းဆောင်ရွက်သော ကျေးရွာ တစ် ရွာမှ ကော်မတီဝင် ၃ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။