မကွေးမြို့နယ် မြင်စိုင်းကျေးရွာ၌ ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကျင်းပ
*******************************
မကွေး မေ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးလက်နေ လူငယ်များ အလုပ်အကိုင်ရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်ပွဲကို မေ ၂ ရက်နေ့ နံနက် ၉ နာရီက မြင်စိုင်းကျေးရွာအုပ်စု၊ မြင်စိုင်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာ ရှိ(နည်းပညာ) ဒေါ်အိသဉ္ဇာဖူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း စိတ်ပါဝင်စားစွာ လက်တွေ့အသုံးချနိုင်သည်အထိ သင်ယူကြစေလိုကြောင်း သင်တန်းအဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြင်စိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှဌေးက ထပ်ဆင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်အိသဉ္ဇာဖူးက တက်ရောက်လာကြသော သင်တန်းသူ ၂၀ ဦးအား သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေ ၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၁၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြင်စိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသား ၂၀ ဦးနှင့် ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနမှ သိရသည်။