Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

25 April 23

ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
*********************************
ငဖဲ     ဧပြီ       ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက်အကူပြုစေရန်အတွက် ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာအုပ်စု၊ ပန်းထိမ်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော် နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများသည် ပန်းထိမ်းကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်​ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြား အသေးစားစီးပွာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက စီမံကိန်းဆိုင်ရာ ငွေစာရင်းပုံစံများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာနက ပန်းထိမ်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စု ၅၂ စု အတွက် ငွေကျပ် ၃၁ ဒသမ တစ် သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စု တစ် စု အတွက် ငွေကျပ် တစ် သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စု ၄ စု အတွက် ငွေကျပ် ၂ ဒသမ ၄ သန်း၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စု ၁၁ စု အတွက် ငွေကျပ် ၅ ဒသမ တစ်သန်း၊ စုစုပေါင်း အိမ်ထောင်စု ၆၈ စု အတွက် ငွေကျပ် ၃၉ ဒသမ ၆ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးထားကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။