ချောက်မြို့နယ် သံဘိုကျေးရွာ၌ အိမ်တိုင် ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး
***********************************
ချောက် ဧပြီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေကို အိမ်တိုင်ရာရောက် ရယူသုံးစွဲနိုင်ရေးအတွက် ချောက်မြို့နယ်၊ ဝသဲစမ်းကျေးရွာအုပ်စု၊ သံဘိုကျေးရွာ၌ အိမ်တိုင်ရာရောက် ရေမီတာသုံး ရေပိုက်လိုင်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကြည်မြင့် နှင့် ဝန်ထမ်းများသည် သံဘိုကျေးရွာ သောက်သုံးရေရရှိရေး ကော်မတီဝင်များနှင့်အတူ ပြည်သူ+ကျေးလက်+ယူနီဆက် အစီအစဥ်ဖြင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က ကျေးရွာ သောက်သုံးရေရရှိရေး ကော်မတီဝင်များအား သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။
ချောက်မြို့နယ်၊ ဝသဲစမ်းကျေးရွာအုပ်စု၊ သံဘိုကျေးရွာ၌ ပြည်သူ+ကျေးလက်+ယူနီဆက် အစီအစဥ်ဖြင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းအရှည် ၁၄၉၁၅ ပေသွယ်တန်းခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနမှနည်းပညာပံ့ပိုးခြင်း၊ ယူနီဆက်မှ လိုအပ်သောပိုက်များထောက်ပံ့ခြင်း၊ ကျေးရွာမှ လုပ်အားပူးပေါင်းပါဝင်ခြင်းဖြင့် မတ်လ တတိယပတ်ကစတင်ဆောင်ရွင်ခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၅၃ ၊ လူ ၈၅၀ ဦး၏ လူနေမှုအဆင့်အတန်းမြင့်မားလာမည့်အပြင် အိမ်တိုင်ရာရောက် သန့်ရှင်းသောသောက်သုံးရေအလွယ်တကူရရှိမည်ဖြစ်၍ အချိန်ကုန်သက်သာပြီး ယခင်ရေခပ်ချိန်မှ ပိုမိုရရှိလာသောအချိန်များကို မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများတွင် အသုံးချနိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။