ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ အနီးကိုက်ကျေးရွာတွင် မြစိမ်းရောင် ရန်ပုံငွေစီမံကိန်း အတိုးရငွေ (၅၀%)မှ ငွေကျပ် (၁၆.၃)သန်းဖြင့် ကျေးရွာတွင်း မီးလင်းရေး (၄၀၀ဗို့ဓါတ်အားလိုင်း (၃၀၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား (၄-၄-၂၀၂၃)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၁၉-၄-၂၀၂၃)ရက်နေ့တွင် (၁၀၀%) ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ကျေးရွာနေအိမ်ထောင်စု (၉၀)စုနှင့် အိမ်ခြေ (၈၀)ကျော် လျှပ်စစ်မီးရရှိခဲ့ကြောင်း သိရသည်။