ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကြီးနှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် ကျောက်တံခါးမြို့နယ်၊ နနွင်းမြောင်ကျေးရွာနှင့် ကြိမ်ခါးကုန်းကျေးရွာတို့ရှိ ကုန်ထုတ်လမ်းများအား (၁၃-၆-၂၀၂၃) ရက်နေ့တွင် DCP တိုင်းတာခြင်း များ ဆောင်ရွက်ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါကုန်ထုတ်လမ်းများအား လုပ်ငန်းခွင့်ပြုငွေ (၁၄၉.၆၂၆)သန်းဖြင့် ရွှေမြို့ကေတု ကုမ္ပဏီနှင့် ရွှေနွယ်မြေကုမ္ပဏီတို့မှ ဆောင်ရွက်လျက်ရှိပြီး အဆိုပါကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးပါက အကျိုးပြုစိုက်ဧက(၂၃၀၀)ဧက၊ အကျိုးပြုကျေးရွာ (၄)ရွာ၊ အိမ်ခြေ (၆၂၅)အိမ်၊ လူဦးရေ (၂၄၀၇)ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။