ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၈၀.၃၅ သန်းဖြင့် Nobel Taungoo Co.Ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သရက်တောကျေးရွာကုန်ထုတ်လမ်းအား မြို့နယ် ဦးစီးမှူး ဒေါ်ဇင်မာမြင့်နှင့်အဖွဲ့မှ ၇-၆-၂၀၂၃ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၉၃ အိမ်၊ လူဦးရေ ၄၈၁ ဦး၊ စိုက်ပျိုး ဧက ၄၅၀ ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။