သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ (၁၁)နှစ်မြောက်နှစ်ပတ်လည်အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ဇွန် ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။ ပထမဦးစွာ နံနက် ၁၀ နာရီခွဲတွင် သုံးခွမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မဟာ ဗောဓိ စာသင်တိုက် ဦးစီးမဓာနနာယက ဆရာတော် ဘဒ္ဒန္တကေသရ(ဓန္ထဝါစကပဏ္ဍိတထံမှ ငါးပါးသီလခံယူသည်။ ထို့နောက် သံဃာတော် များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူပြီး ဆရာတော်များအား နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်က အနုမောဒနာတရားဟောကြားပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် ဝန်ထမ်းများတက်ရောက် ကြည်ညိုကြပြီး ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။