Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့သောင်းမြို့နယ် ဘာလိအော်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် Mini Grid ဆိုလာမီးလင်းရေးလုပ်ငန်းလည်ပတ်နေမှုစစ်ဆေး

09 June 23

ကော့သောင်း   ဇွန်လ   ၇

          တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဘာလိအော်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့်  Mini Grid ဆိုလာမီးလင်းရေး လုပ်ငန်းလည်ပတ်နေမှုအခြေအနေများကို တာဝန်ရှိသူများနှင့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးဝေနှင့် တာဝန်ရှိသူများက ကျေးရွာရာအိမ်မှူး၊ရပ်မိရပ်ဖများနှင့်အတူ ကော့သောင်းမြို့နယ် ဘာလိအော် ကျေးရွာ၌ အရည် ၂ မိုင် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေတားတမံနှင့်ရေစုကန် တည်ဆောက်ခြင်း၊လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လက်ရှိရေသုံးစွဲမှုအခြေအနေများနှင့် Mini Grid ဆိုလာမီးလင်းရေးလုပ်ငန်း အိမ်ခြေ ၂၀၆ အိမ် ချိတ်ဆက်သုံးစွဲမှုနှင့်ပုံမှန်လည်ပတ်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးစိုးဝေက ဆိုလာမီးလင်းရေးလုပ်ငန်းပုံမှန်လည်ပတ်နိုင်ရေး ကုမ္ပဏီနှင့်ကျေးရွာပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

         ကော့သောင်းမြို့နယ် ဘာလိအော်ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၅၀ ဒသမ ၆ သန်းဖြင့် ဌာနက တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။