Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါဆိုင်ရာစည်းကမ်းချက်များ ရှင်းလင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်

28 April 23

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်း (၂၈)ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း (၁၇)အတွက် တင်ဒါဆိုင်ရာစည်းကမ်းချက်များ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အောက်ထပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်၊ ဌာနဆိုင်ရာများမှ တင်ဒါကော်မတီဝင်များနှင့် တင်ဒါလျှောက်လွှာဝယ်ယူထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် တင်ဒါကော်မတီဥက္ကဌ ဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တင်ဒါကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က တင်ဒါတင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ တင်ဒါဖွင့်ဖောက်မည့်အစီအစဉ်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးမြင့်နိုင်ဦးက ကျေးလက်ကုန်ထုတ်လမ်းတံတားနှင့် ရေရရှိရေးလုပ်ငန်းများ၏ Specification များ၊ Technical Proposal စာအိတ်တွင် ပါဝင်ရမည့်အချက်များ၊ Price Proposal စာအိတ်တွင် ပါဝင်ရမည့်အချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။