သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စု၊ တိုင်းဒေသကြီးရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းတံတား၊ ရေရရှိရေးနှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်းများ၏ Technical Proposal နှင့် Price Proposal စာအိတ်များ ဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အောက်ထပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်၊ ဌာနဆိုင်ရာများမှ တင်ဒါကော်မတီဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် တင်ဒါလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကျေးလက်ကုန်ထုတ်လမ်းတံတား Lot (၄၉)ခု၊ ကျေးလက်ရေရရှိရေး Lot (၂၃)ခုတို့အတွက် Technical Proposal စာအိတ် (၁၉၉)အိတ်အား ဖွင့်ဖောက်စစ်ဆေးခဲပြီး Technical အောင်မြင်သည့် ကုမ္ပဏီ များ၏ Price Proposal များအား ဆက်လက်ဖွင့်ဖောက်ခဲ့ကြောင်း သိရသည်။