သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းတံတား၊ ရေရရှိရေးနှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်းများ၏ Technical Proposal စာအိတ်နှင့် Price Proposal စာအိတ်များ ဖွင့်ဖောက်ခြင်းအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအောက်ထပ် အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၀၉:၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်တို့မှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်း (၄၉)ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း (၂၃)ခုတို့အတွက် Technical Proposal စာအိတ် (၁၉၉)အိတ်တို့အား တင်ဒါကော်မတီဝင်များနှင့် တင်သွင်းသူ ကုမ္ပဏီများရှေ့မှောက် တွင် ဖွင့်ဖောက်စစ်ဆေးခဲပြီး Technical အောင်မြင်သည့်ကုမ္ပဏီများ၏ Price Proposal များအား ဆက်လက်ဖွင့်ဖောက်ခဲ့ကြောင်း သိရသည်။