Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အခြေခံအပ်ချုပ်စက်သင်တန်း (၁/၂၀၂၃)နှင့် မီးဖိုဆောင်သုံး ဟင်းသီးဟင်းရွက်များ တိုးမြှင့်ရောင်းချနိုင်ရေးအတွက် သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

01 June 23

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် မဲခေါင်-လန်ချန်းနိုင်ငံများ အကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချ‌ရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အခြေခံအပ်ချုပ်စက်သင်တန်း (၁/၂၀၂၃)နှင့် မီးဖိုဆောင်သုံး ဟင်းသီးဟင်းရွက်များ တိုးမြှင့်ရောင်းချနိုင်ရေးအတွက်  သဘာဝ မြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားအား ယနေ့မနက် (၀၈:၀၀)နာရီအချိန်တွင် အဆိုပါကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၍ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းပို့ချနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုခဲ့ ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် “မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း”ကို ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် ယခု ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပတ်လမ်းဂဝံခင်းခြင်းလုပ်ငန်း၊ ကုန်ထုတ် လမ်းမြေဂဝံခင်းခြင်းလုပ်ငန်းနှင့် Pipe Culvert (၃)စင်း၊ ဥယျာဉ်ခြံများအား ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း၊ ကုန်ထုတ်လမ်းဘေး(Retaining Wall) တည်ဆောက်ခြင်းလုပ်ငန်း၊ သတင်းအချက်အလက်ဌာန တည်ဆောက်ခြင်းလုပ်ငန်း၊ Green House ခေတ်မီဖန်လုံအိမ်တည် ဆောက်ခြင်း လုပ်ငန်း၊ ကျေးရွာခန်းမ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ စက်ရေတွင်း၊ စင်မြင့်ရေစင်၊ ဆိုလာစနစ်နဲ့ အိမ်တိုင်ရာ ရောက် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်း၊ ရေပေးရေးအိမ်သွယ်ရေတိုင်စနစ်လုပ်ငန်း၊ အခြေခံအပ်ချုပ်စက်သင်တန်း၊ ကျေးလက်သက်မွေးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (RBF)သင်တန်း၊ အသေးစားစက်မှုလက်မှုဆိုင်ရာ (သံရည်ကျို)သင်တန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုသင်တန်းများ ဖွင့်လှစ်ပြီးတဲ့အခါ ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးရေး ဆောင်ရွက်နိုင်သည့် အခြေခံအဆောက်အအုံများ၊ အလေ့အကျင့်‌ကောင်းများရရှိလာ စေပြီး ကျေးလက်ပြည်သူများ မိသားစုဝင်ငွေတိုးပွားစေခြင်း၊ အလုပ် အကိုင်အခွင့်အလမ်း ရရှိလာစေခြင်းမှ တဆင့် ဒေသထွက်ကုန် အပေါ်အခြေခံတဲ့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။