Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်း‌ဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၌ အသက်မွေးဝမ်းကျောင်း အခြေခံလက်ယက်ကန်းသင်တန်းဆင်းပွဲကျင်းပခြင်း

31 May 23

စစ်ကိုင်း မေ ၃၁ ရက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ "အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလက်ယက်ကန်းသင်တန်း"ဆင်းပွဲကို မေလ(၃)ရက်နေ့ နံနက်(၉)နာရီတွင် အဆိုပါဦးစီးဌာန၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်ဝင်း၊ဥက္ကဌ မှ အမှာစကားပြောကြားပြီး လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဝင်းဝင်းထွန်းမှ အဆိုပါသင်တန်းတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်ကြားပေးသည့် ပညာရပ်များကို လက်တွေ့ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေလိုကြောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ အခြေခံလက်ယက်ကန်းသင်တန်းဆင်းပွဲတွင် သင်တန်းဆရာမမှ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ မြို့နယ်ဦးစီးမှူးမှ သင်တန်းအထောက်အကူပြု ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်းနှင် လဟယ်မြို့နယ်အတွင်းရှိ  သင်တန်းသူ (၂၅)ဦးတက်ရောက်ခဲပြီး သင်တန်းကို စာတွေ့လက်တွေ့ (၁၅)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း မြို့နယ်ဦးစီးမှူး၊ ဦးစိုင်းဝင်းဝင်းထွန်း ထံမှ သိရှိရပါသည်။

ကိုမြတ်