Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တိုင်းဒေသကြီးအဆင့်စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

30 May 23

ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် စီမံကိန်းများသုံးသပ်ဆွေးနွေးပွဲကို မေ ၂၉ ရက်နေ့တွင် ကျင်းပသည်။

ရှေးဦးစီးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သံယံဇာတရေးရာဝန်ကြီး ဦး ဇော်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် စီမံကိန်းလုပ်ငန်းများသုံးသပ်ဆွေးနွေးပွဲ နှင့်ပတ်သက်၍ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားရေးမှ တစ်ဆင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးနေသည့် စီမံကိန်းများကို ယခုထက်ပိုမိုထိရောက်အောင်ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများပေါ်ထွက်လာစေရေး တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တက်တက်ကြွကြွ ဆွေးနွေးပေးကြရန်နှင့် အမြင်ချင်းဖယ်လှယ်ပြီးကောင်းမွန်သောအကြံဉာဏ်များပေးစေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဇော်နောင် မိမိဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုရှင်းလင်းတင်ပြသည်။

ထို့နောက်ခရိုင်ဦးစီးမှူးများက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များဖြစ်သော သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူတို့က စီမံကိန်းလုပ်ငန်းများအပေါ် အကြံပြုဆွေးနွေ:ပြီးတိုင်းဒေသကြီးဦးစီးမှူးက သုံးသပ်ဆွေးနွေးကြောင်းသိရသည်။