Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွမြို့နယ်တွင်ကွန်ကရစ်လမ်းခင်းမည့်နေရာအားကွင်းဆင်းတိုင်းတာခြင်း

29 May 23

                                ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၌ ကျေးရွာတစ်ရွာလျင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ရန်ပုံငွေကျပ် သိန်း ၁၅၀ နှင့် ကျေးရွာနေပြည်သူများ စုပေါင်းထည့်ဝင်ငွေများဖြင့် အများပြည်သူ သွားလာရေး အဆင်ပြေစေရန် ကျေးရွာငါးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည်ဟုသိရသည်။                                      ကျေးရွာငါးရွာအနက် ထုံးကြီးကေရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ရန် လျာထားသည့်နေရာကို မေ၂၆ရက်၊ မွန်းတည့် ၁၂နာရီက သုံးခွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ခင်နှင်းချို၊ တာဝန်ခံဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကွင်းဆင်းတိုင်းတာ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။