Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒလမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဖွင့်လှစ်

10 May 23

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲကို မေ ၈ ရက် နံနက် ၁၀ နာရီ က သမ္ဘာန်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

            သင်တန်းဖွင့်ပွဲတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါနိုင်က သင်တန်းဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။

             အဆိုပါ သင်တန်းသို့ ကျေးရွာများမှ သင်တန်းသား ၊ သင်တန်းသူ ၂၀ တက်ရောက်ကြပြီး မေ ၈ ရက်မှ                   ၁၂ ရက်အထိ ငါးရက်ကြာလူသုံးကုန်ထုတ်လုပ်မှုပစ္စည်းများဖြစ်သော ဘက်စုံသုံးဆပ်ပြာရည် ၊ ခေါင်းလျှော်ရည် ၊ မျက်နှာသစ်ဆပ်ပြာအခဲ ၊ ရေချိုးဆပ်ပြာနှင့် လက်သန့်ဆေးရည် ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။